မိုင်းရှူးမြို့၌ (၁၀၁) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်

မိုင်းရှူး နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန တွင် ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မောင်အောင်ပြည့်စုံကရွှေသွေး ဂျာနယ်အတွဲ(၅၃)၊ အမှတ်(၃၈) ထဲက စည်းကမ်း၏တန်ဖိုး၊ မအိသဒ္ဒါခင်က ရွှေသွေးဂျာနယ်အတွဲ(၅၃)၊ အမှတ်(၃၁) ထဲက စာဖတ်ခြင်း၏ အကျိုးကိုလည်းကောင်း အသီးသီး ဖတ်ကြပြီး စာထောက်-၃ ဒေါ်ဥမ္မာထွေးနှင့် ရုပ်သံ ကျွမ်းကျင်- ၃ ဒေါ်နန်း သန်းလူတို့က ပြန်လည်ရှင်းလင်းသည်။

ထို့နောက် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းနှင့်မှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများပြသ ထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)