“၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိ     နိုဝင်ဘာ  ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိ ပညာပေး Talk Showကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀:၀၀) အချိန်ခန့်က ကျင်းပခဲ့ကြောင်းသိရသည်။                                  

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Showကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က  အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ ၊မြန်မာ့သမိုင်းမှာ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)