နမ္မတူ နိုဝင်ဘာ ၁၉
တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းကာ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများအား အသိပညာပေး ပြောကြားပြီးနောက် ဇာတ်လမ်း၊ မနှင်းဖွေး၊ သရုပ်ဖော်၊ ထွန်းထွန်းဝင်း၏ တန်ဖိုးကိုယ်စီ စာအုပ်ပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် တက်ရောက်လာသည့် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)