ကာလိ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဌာနဆိုင်ရာရုံးများသို့ Mobile Library နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် (၁)နာရီ အချိန်ခန့်က ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ကာလိမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ပြည်သူ့ စာကြည့်တိုက်သို့ စာအုပ်များလာရောက် ငှားရမ်းခြင်းမှ အခက်အခဲမဖြစ်ပေါ်စေရန် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်နန်းဆေးနှင့်ဝန်ထမ်းများ က စာအုပ်လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စာဖတ်ပရိတ်သတ်များ၊ စာဖတ်ဝါသနာရှင်များတို့အား ဌာနဆိုင်ရာ ရုံးများ အရောက်၊ အိမ်တိုင်ရာရောက်၊ သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဝင်းကျော် (ကာလိ)