မန်ကန် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က (၁၀၁)နှစ်ပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို မျိုးဆက်သစ်လူငယ်များ ကဗျာ၊အလင်္ကာ၊ စာပေများရင်းနှီးမှုရှိရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ အ. ထ. က မန်ကန်မှ ကျောင်းသူ ၁၀ ဦး ပါဝင် ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းအေအေးအောင်က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထက် (ပြန်/ဆက်)