မိုင်းငေါ့ ဩဂုတ် ၂၀ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နန်းခင်မျိုးဦးက ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ Maskတပ်နည်း၊ စနစ်တကျလက်ဆေးနည်းများနှင့် မိုးတွင်းကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာအကြောင်း သိကောင်းစရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးဟောပြောပေးခဲ့သည်။ ထို့နောက် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၈၅)ဦးကို သန်ချဆေးတိုက်ကျွေးခြင်းအပြင် ကျောင်းသူ(၄၅)ဦးအတွက် (FBC)သံဓာတ်အား ဆေး တစ်ပတ်လျှင်(၂)ကြိမ်တိုက်ကျွေးရန် တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)