လယ်ဝေးမြို့ Community Centre တွင် ဦးနှောက်စွမ်းရည်တိုးတက်ဖို့ စာဖတ်ကြပါစို့စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး      နိုဝင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက  ဦးနှောက် စွမ်းရည်တိုးတက်ဖို့ စာဖတ်ကြပါစို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် လယ်ဝေးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း)တို့က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် စာဖတ်သူတွေ အမှားအမှန် ခွဲခြားတတ်လာနိုင်ပုံ၊ စာအုပ်တွေက ပညာတွေရရှိပြီး ဗဟုသုတတွေ ကြွယ်ဝကာ အတွေးအခေါ်တွေ ရင့်သန်လာနိုင်ပုံများ၊ စာဖတ်ခြင်းဖြင့် စိတ်ဓာတ်ကိုနူးညံ့လာပြီး သနားကြင်နာစိတ်၊ ညှာတာစိတ်တွေ ကိန်းအောင်းလာပုံ၊ ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ အမှားအမှန်၊ ကိုယ်ချင်းစာစိတ်တိုးပွားဖို့အတွက် ဘယ်လိုစာအုပ်စာစောင်တွေ ရွေးပြီးဖတ်သင့် ကြောင်းနှင့် စာဖတ်ပုံ၊စာဖတ်နည်းအမျိုးမျိုးတို့ကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်၊ ရွှေသွေးကာတွန်း အစီအစဉ် သုတစုံစွာဤမြေကမ္ဘာနှင့် အသိပညာပေး Talk Show များအား ရိုက်ကူးတင်ဆက်ပေးလျှက် ရှိကြောင်းသတင်းရရှိသည်။

နေဇော်ချစ်(ပြန်/ဆက်)