ပိုင်ကျုံ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင် ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၂.၄၀) သန်းဖြင့်ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပို့လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ၁၄ရက်နေ့မှ ယနေ့အထိ(၇၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ပါ ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၃၆၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိ ကွန်က ရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြာင်းသိရသည်။
အဆိုပါလုပ်ငန်းပြီးစီးပါက မြို့သာယာလှပစေပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွား ရေးလာရေးအတွက် အဆင်ပြေလွယ်ကူလာမည် ဖြစ်ကြာင်းသိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)