သုံးခွ နို၀င်ဘာ ၁၉
ရန်ကုန််တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လက်ပန်စံပြကျေးရွာ၊ နာရေးကူညီမှု အသင်းရုံးတွင် နာရေးကူညီမှုအသင်းနှင့် ထေရဝါဒမဂ္ဂဓမ္မဥယျာနအဖွဲ့တို့ ပူးပေါင်း၍ ဘုရားအနေကဇာတင် လှူပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို(တန်ဆောင်မုန်းလပြည့်)ယမန်နေ့ နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ပထမဦးစွာနံနက်၅နာရီခွဲအချိန်က လက်ပန်စံပြကျေးရွာရှိ အာသောကာရုံကျောင်းတိုက်၊ မာဃရတနာ ကျောင်းတိုက် တို့မှပင့်သံဃာငါးပါးတို့က ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်လှူပွဲကျင်းပပြီး နောက် ဆရာတော်များအား အရုဏ်ဆွမ်းမုန့်ဟင်းခါးများ ကပ်လှူပြီး ၊နဝကမ္မဝတ္ထူ ငွေများဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ နံနက်၇နာရီအချိန်တွင် အသက်(၈၀)နှစ်နှင့်အထက် သံဃာတော်(၂)ပါးနှင့် ဘိုးဘွား(၃၃)ဦး တို့အား တစ်ဦးလျှင်ငွေကျပ် (၁၈၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၃၀၀၀ဝိ/) နှင့်လုံချည်၊ ထမီ၊ အင်္ကျီများ လှူဒါန်းပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် အဘိုးတစ်ဦးက ကျေးဇူးတင်စကားနှင့် ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါး အာဟာရဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြပြီး ပူဇော်ပွဲ သို့ မတက်ရောက်နိုင်သော ဘိုးဘွားများအား နေအိမ်များသို့ လိုက်လံပူဇော်ကန်တော့မည် ဟုသိရှိ ရသည်။
စည်သူလင်း