မိုင်းလုံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းလုံ  နိုဝင်ဘာလ    ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ၁၀၁နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ယခုလို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရခြင်းသည်  မိုင်းလုံမြို့နေ ကလေးငယ်များ အမျိုးသား နေ့ကို အမြဲအမှတ်ရနေစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်၊ အားလပ် သောအချိန်များကို အကျိုးရှိစွာအသုံးပြုစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် ပြိုင်ပွဲဝင်ကလေးငယ်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး စာကြည့််တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းက အမျိုးသားနေ့နှင့်သက်ဆိုင်သောအကြောင်းအရာများကို ကလေးငယ်များ သိရှိစေရန် ဟောပြော ခဲ့ကြောင်းသိရသည်။

ဇော်ဇော်(ပြန်/ဆက်)