တုံတာ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့ဦးစီးမှူးဒေါ်လှိုင်လှိုင်ငြိမ်းက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန် တီးနိုင်စွမ်းရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအားသတ်မှတ်စည်းကမ်းချက်များနှင့်ယှဉ်ပြိုင်စေခဲ့ကြောင်းသိရသည်။
ထို့နောက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
လှိုင်လှိုင်ငြိမ်း