မိုင်းတုံ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက်မြို့ဝင်ဂိတ်(၂)ဂိတ်၌ ယနေ့နံနက်မှစ၍ RDT Test Kit ဖြင့်စစ်ဆေး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ မြို့ဝင်ဂိတ်(၂)ဂိတ်ဖြစ်သော တောင်ကြီးအဝင်ဂိတ်၊ နောင်ပါရင်ဂိတ်အဝင် တို့မှ ယနေ့ကဖြတ်သန်း သွားလာသော၊ ယာဉ်မောင်များနှင့်ခရီးသည်တို့အား Noncontract infraredThermometer စက်ဖြင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ခရီးသွားရာဇဝင် မှတ်သား ခြင်း၊သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာထောက်ခံချက်များပါရှိ/မရှိစစ်ဆေးခြင်း၊ ကိုဗစ်ပိုးရှိ/မရှိRDT Test Kit ဖြင့်စစ်ဆေးများ ပြုလုပ်ပြီး ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။
ယနေ့နံနက်ရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ တောင်ကြီးဂိတ်တွင် positive(၁)ဦးနှင့် နောင်ပါရင် ဂိတ်တွင်positive(၄)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅)ဦးအား မြို့နယ်ပြည်သူ့ ဆေးရုံသီးသန့် ဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဥက္ကဋ္ဌ ဦးလွင်မိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပါဝင်သောအဖွဲ့က ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)