ဟိုပန်၌ အသက် (၁၂)နှစ်အထက်ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) စတင်ထိုးနှံပေး

ဟိုပန်  နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်  အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပြီးသည့် အသက် (၁၂)နှစ်​အထက် ကျောင်းသား၊ကျောင်းသူ များကို ယနေ့နံနက်ပိုင်းတွင်  သက်ဆိုင်ရာစုရပ်များ​​ဖြစ်သည့် အထက ကျောင်း(ဟိုပန်)၊ အထက်တန်းကျောင်းခွဲ( ​ေရွှဝါ) နှင့် အလကကျောင်း(ကောင်းကော်)

နေရာ(၃)နေရာ၌  ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ထိုးနှံခွင့်ရှိသူ အသက် (၁၂)နှစ်​အထက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ဦးရေ(၁၀၄၆)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)