ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယအကြိမ်)အဖြစ်ဆက်လက် ထိုးနှံပေး

ပလောက်   နိုဝင်ဘာ   ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ပလောက် ဆေးတပ်ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ် တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ တို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပ‌‌လောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုး‌ဝေ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)