တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

တောင်သာ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်   တောင်သာမြို့နယ်အတွင်း၌  အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃) နေရာအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ တတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအလုံး(၁၁၁၀)၊လူဦးရေပေါင်း(၅၅၄၆)ဦးကိုစတင်ထိုးနှံပေးခြင်းအားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊   မီးသတ်တပ်ဖွဲ့၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊    ပရဟိတအသင်းများ ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယ အသုတ်ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နှင့်အခြားကျန်ရှိနေသူများကိုလည်းကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)