ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ်(ပထမအကြိမ်)ထိုးနှံခြင်းနှင့်ကျန်းမာရေး အသိပညာပေးခြင်းဆောင်ရွက်

ဘုရားသုံးဆူ နိုဝင်ဘာ ၁၉

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ်(ပထမအကြိမ်)ထိုးနှံခြင်းအား ဘုရားသူံးဆူမြို့ ပြည်ထောင်စုခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအားသက်ဆိုင်ရာ ကျန်းမာရေးဌာနမှတာဝန်ရှိသူများမှ စနစ် တကျပြုလုပ်ဆောင်ရွက်ပြီးကာကွယ်ဆေးနှင့်ပတ်သက်သည့်အသိပညာများအားရှင်းလင်းပြောကြားခြင်း၊ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့်ဗီဇပြောင်းလဲပုံစသည့် အသိပညာပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါကာကွယ်ဆေးအား(၂)ကြိမ်တိတိ ထိုးနှံရမည်ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် ပထမအသုတ်အား ဩဂုတ်လ(၁)ရက်နေ့နှင့်(၂၉)ရက်နေ့တို့တွင်ထိုးနှံပေးခဲ့ပြီး ထိုးနှံသူ ဦးရေး(၁၇၀၀) ဦးခန့်ရှိကြောင်း၊ ဒုတိယအသုတ်(ပထမအကြိမ်)အား စက်တင်ဘာ(၁၆)ရက်နေ့မှ(၂၀)ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံ ဦးရေ(၂၅၀၀)စာရှိကြောင်း၊အောက်တိုဘာ(၂၄)ရက်နေ့တတိယအသုတ်(ပထမအကြိမ်)ကာကွယ်ဆေးထိုးနှံသူဦးရေ(၅၀၀)ဦးထိုးနှံ‌ပေးခဲ့ပြီး နိုဝင်ဘာ(၁၂)ရက်နေ့တွင် စတုတ္ထအသုတ်(ပထမအကြိမ်) အတွက်လူဦးရေ(၁၀၀၀)ဦးအားထိုးနှံပေးခဲ့ပြီး ယနေ့နိုဝင်ဘာ(၁၉)ရက်နေ့တွင် ပဉ္စမအသုတ်(ပထမ အကြိမ်)အတွက်လူဦးရေ(၅၀၀)ဦး ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ပဉ္စအသုတ် အတွက် ဒုတိယအကြိမ်ထိုးနှံခြင်းအား ဒီဇင်ဘာ(၁၇)ရက်နေ့တွင်ဆက်လက်ထိုးနှံဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

အောင်သူဟိန်း (ပြန်/ဆက်)