တွံတေး၌ အသက်(၄၅)နှစ်​ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တတိယနေ့ ဆက်လက်ထိုးနှံပေး

တွံတေး နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ်ပြည့်ပြီးသူများ အား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာစုရပ်များအလိုက် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ တတိယနေ့အဖြစ် အောင်ဆန်းသူရိယအေးချိုခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အသက်(၄၅)နှစ်​ပြည့်ပြီးသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကား ဆရာများ၊ (ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော  လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ဒုတိယနေ့ထိ (၉၁၈)ဦးကို ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အားကစားခန်းမ အောင်ဆန်းသူရိယ အေးချိုခန်းမ တွင်​ ဘုရားကြီး၊ ကျိုက်သလဲ၊ စမ်းရွာ၊ ပေါက်တောကျေးရွာအုပ်စုရှိကျေးရွာများမှ အသက် ၄၅ နှစ် ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ် စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)