ရန်ကုန် နိုဝင်ဘာ ၁၈
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိတန်ခိုးကြီး ဘုရား များနှင့် ဘုရား၊ ကျောင်း၊ ကန်၊ စေတီ ပုထိုးတို့တွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမျော်နေကြသည်ကို တွေ့ရသည်။
သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးအား အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမျော်နိုင်ရေးအတွက် နေ့စဉ်စေတီတော်မြတ်ကြီးအား နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိဖွင့်လှစ်ပေးထားပြီး လာရောက်ဖူးမျော်ကြသော ဘုရားဖူးပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် တစ်ဦးချင်းအလိုက် ခေတ်မီ ကိုယ်အပူချိန်တိုင်း စက်ကရိယာဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များတပ်ဆင်ကာ သတ်မှတ်အ ကွာအဝေးများအတိုင်း စနစ်တကျဖူးမျော်နိုင်ရေး စေတီတော်ဂေါပကအဖွဲ့က ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)