မဘိမ်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

မဘိမ်း     ဩဂုတ်     ၂၀          

           

ရှမ်းပြည်နယ်(မြောက်ပိုင်) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ များအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အမည်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဦး ဆောင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည် နာရီအချိန်က မြို့ပေါ်()ရပ်ကွက်နှင့် ကုန်းမခံကျေးရွာအုပ်စုသို့တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မဲဆန္ဒရှင်စာရင်းများ ပြုစုထုတ်ပြန်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်များ ပြည့်စုံ မှန်ကန်မှုရှိစေရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲထည့်နိုင်သည့်အခွင့်အရေးများ ရရှိစေရန် တို့အတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း များ ဆောင် ရွက်ခဲ့ကြပြီး မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များအားလုံး မဲဆန္ဒရှင်စာရင်းတွင် ပါရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စု များ၌လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး အမည်စာရင်း များပါရှိရန်၊ အချက်အ လက်များ ပြည့်စုံမှန်ကန်စေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲထည့်နိုင်သည့်အခွင့် ရေးများရရှိ စေရန် ဆက်လက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

မျိုးမင်း (ပြန်/ဆက်)