ချောက်မြို့၌ (၃၃)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲတော်ကျင်းပ

ချောက်  နိုဝင်ဘာ  ၁၈

ချောက်မြို့၌(၃၃) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ ယနေ့ နံနက်(၉)နာရီ ကအမှတ်(၁၃)ရပ်ကွက် အာရှရပ် အ​နောက်​ငွေ​တောင်​ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်အပါအဝင် မြို့နယ်သံဃာ့နာက အဖွဲ့ဝင်ဆရာတော်(၂၁)ပါးပင့်ဆောင်၍ ရှေ့ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုကန်တော့ကြပြီး လူပရိတ်သတ်များက ငါးပါးသီလခံယူကန်တော့လျက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်မိသားစုက ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းကြသည်။ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာ များက လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘုရားထံမှ ကထိန် သင်္ကန်းအကျိုးတရားတော်မြတ်ကို နာကြားပြီး လှူဖွယ်ဝတ္ထုအစုစုများအတွက် ရေစက် သွန်းချ အမျှပေးဝေကာ ဆရာတော်သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောစဥ် အာဟာရများကို ဆက်ကပ်လှူဒါန်းကြသည်။  ယနေ့ကျင်းပသော ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် တွင် ဌာနဆိုင်ရာအသီးသီမှ လှူဒါန်းငွေကျပ်စုစုပေါင်းမှာ ငွေကျပ် (၄၅၈၃၅၀၀)ဖြစ်ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)