လိပ်သိုမြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်

လိပ်သို နိုဝင်ဘာ ၁၈

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများဖြစ်သော လက်ကမ်းစာစောင် ဖြန့်ဝေခြင်း နှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အဝင် ဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိပ်သိုမြို့အတွင်းရှိ ပြည်သူများ၊ တောင်ငူလွိုင်ကော် ပြည်ထောင်စု လမ်းမပေါ်တွင် သွားလာကြသော မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကိုမကြာခနဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်နှင့် ဟောင်းနွမ်း (Mask) များကို မတပ်ဆင်ကြရန် ပြောကြား၍ နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campaign ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းသို့ မြို့အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေး ဝန်ထမ်း များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့(ပြန်/ဆက်)