မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်Online Pageမှ ဆီမီးဖ​​ယောင်းတိုင်ပြုလုပ်နည်း သင်ကြားပြသ

မရမ်းကုန်း နိုဝင်ဘာ ၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ ကိုယ်တိုင်ဆီမီးဖ​ယောင်း တိုင်ပြုလုပ်ပူ​ဇော်နိုင်​​ရေးအတွက် ဆီမီးဖ​​ယောင်းတိုင်ပြုလုပ်နည်း ကိုမရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် online pageတွင် နိုဝင်ဘာလ ၁၆နေ့ နံနက် ၁၀နာရီ အချိန်မှစတင်ကာ သင်ကြားပြသ​ပေးလျက်ရှိပါသည်။

အဆိုပါဆီမီးဖ​ယောင်းတိုင်ပြုလုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများဖြစ်သည့် ဖ​ယောင်းခဲ ၊မီးစာကြိုး၊ အမွှေး ဆီ၊ ပုံစံခွက်၊ အ​ရောင် ၊ဆီအနည်းငယ်နှင့် ဖ​ယောင်းတိုင်ကျိုချက်ရာတွင် အသုံးပြုရန် ဒယ်နီအိုး၊ တူ၊ ​ရေ အစရှိသည့် ပစ္စည်းများဖြင့် ​သေသပ်လှပ​သောဆီမီးဖ​ယောင်း တိုင်​လေးများရရှိသည်အထိ အဆင့်ဆင့်ပြုလုပ် ပုံများအား သင်ကြားပြသ​ထုတ်လွှင့်​ပေး လျက်ရှိ​ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)