မတ္တရာ နိုဝင်ဘာ ၁၈
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ဉတ်မကြီးနှင့် ပဒေသာပင်များကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က မြို့တွင်းသို့ လှည့်လည်ကြည်ညိုခံခဲ့ကြောင်း သိရ သည်။
အဆိုပါ မဟာဘုံကထိန် လှည့်လည်အကြည်ညိုခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ ဦးစီး၍ ကထိန်ဉတ်မကြီး၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်(၅)ရပ်ကွက်တို့ စုပေါင်း၍ ပဒေသာပင်(၂၀)အား မော်တော်ယာဉ်များဖြင့် စီတန်း၍ မြို့တွင်းသို့ လှည့်လည်ကြည်ညိုခံခဲ့ပြီး ကထိန်ခင်းကျင်းလှူဒါန်းမည့် မတ္တရာမြို့ အမှတ် ၁ ရပ်ကွက်ရှိ အောင်မြေသုခကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ ဖြစ်သည်။
ဉတ်မကြီးနှင့် ပဒေသာပင်များအား တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညတွင် အဆိုပါကျောင်းတိုက်၌ ခင်းကျင်းအကြည်ညိုခံပြီး တန်ဆောင်မုန်း လပြည့်နေ့တွင် ငွေသားတန်ဖိုး ကျပ် ၇၄၉၆၀၀၀ နှင့် ပစ္စည်းတန်ဖိုးကျပ် ၂၆၁၉၀၀၀ စုစုပေါင်းတန်ဖိုး ကျပ် ၁၀၁၁၅၀၀၀ အား ရေစက်ချ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)