ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များအား ကျေးရွာအရောက် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်

ပိုင်ကျုံ   နိုဝင်ဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက် စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြား ချက်များအား ယနေ့နံနက်ပိုင်းက ကရဲထော်ကျေးရွာ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။    

အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။  သို့မှာသာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များ  လက်မခံကြပါရန်နှင့်  မိမိတို့ကလည်း   အခြားသူများထံ  သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊   လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊  ကိုင်တွယ်ခြင်းနှင့်  ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေ ထွက် မကောင်းသောအခန်းများ သွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  မပျက် မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို  မိမိတို့အတွက်အကောင်း ဆုံးဖြစ်၍  ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း  ရောဂါကာကွယ်ရေး နည်းလမ်းများကို   ဆက်လက်လိုက်နာပါ၊     ရောဂါကာကွယ်ရေးနည်းလမ်းများကို   မိဘပြည်သူများအားလုံးက   ကိုယ်စီလိုက်နာကြပြီး   ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန်စသည့် အချက်များပါဝင်ပါသည်။

ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်များအား အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)