တရားမဝင်ဝင်ရောက်သူ မြန်မာနိုင်ငံသား(၂၂) ဦးကို လာအိုနိုင်ငံမှ လွဲပြောင်းလာရာတွင် မြန်မာတာဝန်ရှိသူများ လက်ခံ

တာချီလိတ် နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသား (၂၂)ဦးကို ယမန်နေ့က လွှဲပြောင်းပေးလာရာတွင် မြန်မာတာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ  မြန်မာနိုင်ငံသားများသည် လာအိုနိုင်ငံဘက်သို ့တရားမဝင် သွားရောက်ကြသူများ ဖြစ်ပြီး လာအိုအာဏာပိုင်များက ဖမ်းဆီးဒဏ်ရိုက်ကာ မြန်မာနိုင်ငံဘက်သို့  လွဲပြောင်းပေးလာရာတွင် မြန်မာတာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြသည်။

လွဲပြောင်းပေးလာသော မြန်မာနိုင်ငံသားများကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး ဝမ်းလုံး (Quarantine Centre)တွင် သီးသန့်ထားရှိကာ အမှုများကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်နိုင်ထံမှ သိရသည်။

ယာဆေး (ပြန်/ဆက်)