ပုဗ္ဗသီရိ ဩဂုတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကန် အမှတ်(၄)ရပ်ကွက်နှင့် ဆင်ဖြူရှင်ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံမင်းနှင့် တပ်ဖွဲ့ဝင်များက နေအိမ်များအတွင်း လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှုနှင့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ လှေကားများထာရှိမှု ရှိ ၊ မရှိစစ်ဆေးခဲ့ပြီး လျှပ်စစ်ပစ္စည်း များကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရမည့်အချက်များနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အတွက် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်နည်းလမ်းများအား အသိပညာပေးပြောကြေားခဲ့ကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)