ဒဂုံ ဩဂုတ် ၂၀
စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များ စုပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်အား ကောင်းလာစေရန်နှင့် စာပေ အသိပညာ ဗဟုသုတဖလှယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Center) ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ဆောင်ရွက် ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ဒေါ်မာမာရွှေ (ရုပ်သံကျွမ်းကျင်-၃) က စာပေဝါသနာတူသူများ စုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပေးပြီး(Book Club)အသင်းဝင် ဒေါ်အေးသန်က စာရေးဆရာ ဖေမြင့်၏ စဉ်းစားခြင်း သုတစာအုပ်ဖြင့် ဘဝအခက်ခဲ မည်မျှပင် ရှိစေကာမူ ဉာဏ်အမြော်အမြင်ဖြင့် အလေးအနက်ထား ဆောင်ရွက်ရမည့် အကြောင်းကို စိတ်ခွန်အားပေးကာ ဦးဆောင် ဆွေးနွေးပေးခဲ့သည်။ ထို့နောက် တက်ရောက်ကြသော အသင်းဝင်များက ဖတ်ရှုသည့် စာအုပ်အပေါ် အတွေ့အကြုံများ၊ အမြင်များဖြင့် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
မာမာရွှေ(ပြန်/ဆက်)