မိုင်းငေါ့ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ကျောက်မဲ၊ခရိုင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ခန့် က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချူပ်ရေး ကာလအတွင်း ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိစေရန် နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ရခြင်းဖြစ်ပါသည်။
ထိုနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသော ကလေးငယ်များအား အမှတ်တရ ဆုလက်ဆောင်များ ပေးခဲ့ကြောင်း သိရှိရပါသည်
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)