ရှမ်းရွာသစ်မြို့တွင်  (၁၀၁)နှစ်ပြည့်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  နံရံကပ်စာစောင် ပြသ

ရှမ်းရွာသစ်   နိုဝင်ဘာ   ၁၇

အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့်   သမိုင်းအကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများအား  ပြည်သူများအလွယ်တကူ  လေ့လာဖတ်ရှုနိုင်ရန်   ရည်ရွယ်၍   ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်  ယနေ့နံနက် ၉ နာရီ  အချိန်က   (၁၀၁)နှစ်ပြည့်  အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ်  နံရံကပ်စာစောင်ကို  ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ  နံရံကပ်စာစောင်တွင်   အမျိုးသားအောင်ပွဲနေ့  ပေါ်ပေါက်လာပုံ၊  အမျိုးသားအောင်ပွဲနေ့၏  နောက်ခံ သမိုင်းကြောင်းများ၊  သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊  ဆောင်းပါးများ၊ ဆောင်ပုဒ်များ  ၊ အမျိုးသားအောင်ပွဲနေ့  ဂုဏ်ပြု  ကဗျာများအား  ထည့်သွင်းပြသ  ထားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းရွာသစ်မြို့ရုံး  အနေဖြင့်   ပြည်သူများ  အသိပညာဗဟုတ  ပိုမိုရရှိနိုင်စေရန်  အတွက်  မြေစိုက်နံရံကပ်ဘုတ်နှင့်   နံရံကပ်စာစောင် များအား  နေ့ထူးနေ့မြတ်များ၊   အချိန်ကာလနှင့်လျော်ညီ  သည့်  အသိပညာပေး  အကြောင်းအရာများကို   လစဉ်လဲလှယ်  ပြသပေးလျှက်  ရှိကြောင်း   သိရသည်။

ရှမ်းရွာသစ်မြို့(ပြန်/ဆက်)