မောက်မယ် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများ ပူးပေါင်းပြီး လယ်ယာခြံစိုက်ခင်းများအတွင်း လယ်ယာသီးနှံစွန့်ပစ် ပစ္စည်းများဖြင့် EM ဘိုကာချီ သဘာဝ မြေဆွေး မြေသြဇာပြုလုပ်သုံးစွဲခြင်း တောင်သူများပညာပေး လက်တွေ့ပြုလုပ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက စဉ့်ဝင်ကျေးရွာအုပ်စု စေတီဖြူကျေးရွာတောင်ဘက်ကွင်းရှိ ကွင်း အမှတ် ၅၅ ဦးပိုင်အမှတ် ၈ ဦးသားကြီး ရှောက်ချိုခြံ၌ ပြုလုပ်ကျင်းပခဲ့ရာ လင်းခေးခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသက်နိုင်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက် ခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကား ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းသန်းက လယ်ယာသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် EM ဘိုကာချီ သဘာဝမြေဆွေးမြေသြဇာ ပြုလုပ်သုံးစွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တောင်သူများအား EM ဖျော်ရည်လက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။ အဆိုပါသရုပ်ပြပွဲပြုလုပ်ရခြင်းမှာ ကိုဗစ် − ၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရာသီတွင် ဓါတ်မြေသြဇာစျေးနှုန်းများ မြင့်မားနေ၍ တောင်သူများအပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းများကျဆင်းမှုမရှိစေရေး၊ EM ဘိုကာချီ သဘာဝမြေဆွေးမြေသြဇာ ပြုလုပ် သုံးစွဲခြင်းအားဖြင့် သီးနှံအထွက်ကိုသိသိသာသာတိုးလာ စေရန်စွမ်းဆောင်နိုင်ခြင်း စိုက်ပျိုးရေး ထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေး၊ လယ်ယာ လုပ်ငန်းအတွက် ကုန်ကျမှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် EM ဘိုကာချီသဘာဝမြေဆွေးမြေသြဇာပြုလုပ် သုံးစွဲရခြင်းနှင့် စပ်လျဉ်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဝန်ထမ်းများက လယ်ယာသီးနှံ စွန့်ပစ်ပစ္စည်းများဖြင့် EM ဘိုကာချီ သဘာဝမြေ ဆွေးမြေသြဇာ ပြုလုပ်ပုံအဆင့်ဆင့်ကို အသေးစိတ်လက်တွေ့ ပြုလုပ်နည်း သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)