ကျောင်းကုန်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်မြင်း လမ်းကုန်း အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က G A T ထိုက်ကြီး သင်တန်းသားသင်တန်းသူများက ဆံပင်များ ညှပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြင်းလမ်းကုန်း အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား(၂၉)ဦးနှင့် ကျောင်းသူ(၂)ဦး၊ စုစုပေါင်း (၃၁)ဦးအား G A T ထိုက်ကြီး ဆံပင်၊မိတ်ကပ် အလှပြုပြင် ရေး သင်တန်းမှ သင်တန်းသားသင်တန်းသူများ လာရောက်ဆံပင်ညှပ်ပေး ခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်း ကျောင်းအုပ်ဆရာကြီးဦးမြင့်စိုးကပြောသည်။
ကျွန်တော်တို့ အရင်နှစ်တွေတုန်းက နယ်ကျောင်းလေးတွေကို သွားရောက်ပြီး ဆံပင် ညှပ်ပေးခဲ့ကြောင်း၊ ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားလို့ ယခုနှစ်မှာတော့ မြို့ပေါ် ကျောင်းကို လိုက် ညှပ် ပေးကြောင်း G A Tထိုက်ကြီးက ပြောသည်။
ဝင်းကြိုင်