ရေဖြူ နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာတွင် ရှေးဦး ပြုစု ခြင်း အခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၂၁)သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်တွင် ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဖောင်းတောကျေးရွာ ကြက်ခြေနီ အသင်းခွဲငယ် ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်း စဉ်ကိုရှင်းလင်းကာ အမှာစကား ပြောကြား သည်။ ထို့နောက် ဖောင်းတောကျေးရွာ အုပ်ချုပ်ရေး မှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်ခဲ့သော သင်တန်းသား(၂၂)ဦးအနက် ဆုရရှိခဲ့သူ သင်တန်းသား (၃)ဦး အား ပထမ၊ ဒုတိယ၊ တတိယဆုများချီးမြင့်ပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာ (၁၂ ) ရက်မှ (၁၅) ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ခတ္တာ