ကျောက်ဆည် နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကလေးသူငယ်များ၊ ကျောင်းသား၊ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် ကျောင်းသင်ခန်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အထများ ဖြစ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင် ထွေးက ကျောင်းသား၊ ကျောင်သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ် အခါ ကပင် စာအုပ်၊စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေကာ ဘဝ တစ်လျှောက် လုံးတွင် အောင်မြင်မှုများ ရရှိကြစေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျေင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ ဦးကျော်သန်း (စာရေးဆရာ မောင်ခိုင်ကျော် ကျောက်ဆည်) နှင့် တာဝန်ရှိသူများက အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုလည်း ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)