သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်

သံတောင်ကြီး      နိုဝင်ဘာ    ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့်အမျိုးသားအောင်ပွဲနေ့အကြောင်းသိရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက  ကလေးသူငယ်များအနေဖြင့်    အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိ စေရန်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာ စေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များ နှင့်အညီ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကိုပြုလုပ်ပေး ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)