ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ(၂)ဦးထပ်မံစစ်ဆေးတွေ့ရှိ

ကာလိ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာ(၂)ဦးသည် ကာလိမြို့ ၊အမှတ်(၁)ရပ်ကွက်နေ အသက် (၅၁)နှစ် နှင့် အသက် (၃၇) နှစ် အမျိုးသမီး (၂)ဦးတို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းတို့ကြောင့် ကာလိမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ သွားရောက်၍ RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အားကာလိမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ အထူးကုအဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကေျာ်(ကာလိ)