မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

မိတ္ထီလာ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားနိုင်ရေး ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ ကျပ် သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာ လေးရွာကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ် သိန်း(၄၀၀)ဖြင့် မြို့နယ်အတွင်းရှိ ကွက်ငယ်၊ သရက်ကန်၊ ညောင်ပင်သာ၊ လက်ပံ့အိုင့် (အနောက်)ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ရာ မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၆၄)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျေးလက်ဒေသများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက် ခြင်းဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက် လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများ ဦးဆောင်၍ ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း ၊ ကျေးရွာလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)