ရွှေပြည်သာမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအသိ ပညာပေး (Talk Show) ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ရွှေပြည်သာ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ၊ နောင်လာ နောင်သားများ အမျိုးသားနေ့နှင့် ပက်သက်၍ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍(၁၀၁) မြောက်  အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး(Talk Show) ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ(TalkShow) ဆွေးနွေးပွဲတွင် ရွှေပြည်သာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်အေးအေးမိုး၊ ပညာရေးဌာနမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမိုးကျော်ဦးနှင့် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးဦးချိုဝင်းတို့က အမျိုးသားနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးခဲ့ပြီး အမျိုးသားနေ့နှင့် ပတ်သက်သည့်စာအုပ်စာစောင်များအား ပြည်သူများကို ပြသပေးခဲ့သည်။

အဆိုပါ (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show) ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကို ကိုဗစ်-၁၉ ရောဂါဗေဒ ကာကွယ်ရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)