ပြည်ကြီးတံခွန်မြို့နယ်ရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပြည်ကြီးတံခွန်  နိုဝင်ဘာ   ၁၆

ပြည်ကြီးတံခွန်မြို့နယ်ရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်ကအမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ပရဟိတ လူမှုကူညီရေး အသင်း(၁၁)သင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ကြီးတံခွန်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)