နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများစဉ် ဆက်မပြတ်ဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ယမန်နေ့ညနေ ၄ နာရီအချိန်စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကားလမ်းမကြီး တစ်လျှောက်သို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီ၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအားလိုက်နာကြရန်၊ တတ်နိုင်သမျှအိမ်မှာနေရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ် နှာခေါင်းစည်း (Mask) မဖြစ်အနေ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်လုပ်ကိုင်ရန်၊ အချင်းချင်း အသိပေး/ သတိပေး ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန်၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျ ပါဝင်ပူးပေါင်း ဆောင်ရွက် ကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ် ၍ စစ်ဆေးကုသမှုခံယူကြရန်၊ မိဘပြည်သူများအနေဖြင့် နံနက် (၄)နာရီမှ မွန်းတည့် (၁၂) နာရီအထိသာ အိမ်အပြင်သို့ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထွက်ခွင့်ပြုမည်ဖြစ်ပြီး မွန်းတည့် (၁၂)နာရီမှ နောက်နေ့ နံနက်(၄) နာရီအထိ ကျန်းမာရေးကိစ္စမှအပ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အိမ်အပြင်ထွက်သူများအား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥကဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသိပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)