လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

လိပ်သို နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွာလာစေရန် အတွေးအခေါ် အသိအမြင်များ အချင်းချင်း ဖလှယ် တတ်စေရန်၊စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ပန်းတိုင်ကဘာလဲ” စာအုပ်ဖြင့် ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝို်ငးကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့်အလေ့အထရရှိစေခြင်း၊ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိသော ဗဟသုတများကို လူမှုပတ်ဝန်းကျင်တွင် အသုံးချတတ် လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများက စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “ပန်းတိုင်ကဘာလဲ” စာအုပ်တွင်ပါရှိသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)