အလုပ်တွင် ထိခိုက်ဒဏ်ရာရသေဆုံးသွားသူအတွက် ကျန်ရစ်သူအကျိုးခံစားငွေလုံးငွေရင်း ကျပ် သိန်း ၅၀ ကျော် ခွင့်ပြုထုတ်ပေး

မန္တလေး  နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများက အလုပ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးသွားသည့် အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၅,၀၄၁,၅၀၀/-(သိန်းငါးဆယ်လေးသောင်းတစ်ထောင့်ငါးရာတိတိကျပ်)ကို ၎င်း၏ခင်ပွန်းဖြစ်သူ ထံ ပေးအပ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးလူမှုဖူလုံရေးရုံးမှသိရသည်။

သေဆုံးသူ ဒေါ်သန္တာခိုင်မှာ Denko(ရွှေကျင်)ဆီဆိုင်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ မြို့နယ်လူမှု ဖူလုံရေးရုံး၊ ရုံးခွဲ(၁)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား တစ်ဦးဖြစ်ပြီး ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၀ရက်တွင် အလုပ်တွင်ထိခိုက်ဒဏ်ရာ ရသေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် အနေဖြင့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုး ခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၅,၀၄၁,၅၀၀/- ကို  ခွင့်ပြုထုတ်ပေးခြင်းဖြစ်ရာ စက်တင်ဘာ ၁၃ ရက်တွင် နာရေးစရိတ်ငွေကျပ် ၅၄၁,၅၀၀/-တိတိကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ပေးအပ်ရာ၌ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှတာဝန်ခံ ဒေါ်လွင်လွင်မြင့်က အကျိုးခံစားခွင့်ထုတ်ပေးရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကို သေဆုံးသွားသူ၏ ခင်ပွန်းအား တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှတာဝန်ခံက ထုတ်ပေးခဲ့သည်။

အဆိုပါပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁နာရီက အောင်မြေသာစံမြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၁)တွင်ပြုလုပ်ခဲ့ပြီး အလုပ်တွင်ထိခိုက်ဒဏ်ရာရ သေဆုံးသွားသည့် အာမခံ အလုပ်သမားဒေါ်သန္တာခိုင်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းကျပ် ၅,၀၄၁,၅၀၀/-မှ ကျန်ငွေ ကျပ် ၄,၅၀၀၀၀၀/-(လေးဆယ့်ငါးသိန်းကျပ်တိတိ)ကို  ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်