တပ်ကုန်း နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စနစ်တကျကာကွယ်ထိန်းချုပ်နိုင်ရေး လိုက်နာရမည့်အချက်အလက်များအား ပြည်သူများသိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဟန်းစပီကာဖြင့် ရပ်ကွက်၊ ကျေးရွာ များတွင် လှည့်လည် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်း စည်း(Mask)ကို တပ်ဆင်ရန်၊ ပြင်ပမှ လာသောဧည့်သည်များ လက်ခံခြင်း မပြုလုပ်ရန်၊ မိမိတို့က လည်း အခြားသူများထံ သွားရောက်လည်ပတ်ခြင်းမပြုလုပ်ရန်၊ လူအများနှင့်ထိတွေ့စကားပြော ဆိုရပါက မျက်နှာအကာကိုလည်း တွဲဖက်တပ်ဆင်အသုံးပြုပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာမကြာခဏ စနစ် တကျဆေးကြောပါ၊ အလုံပိတ်အခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွား ရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ပြန် လာတိုင်း နှာခေါင်းစည်း(Mask)ကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အိမ်ရှိအသက် အရွယ်ကြီးရင့်သူများ၊ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါစသည့် နာတာရှည် ရောဂါရှိသူများနှင့် အနီး ကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာရေးစသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော် ချက်များကို ပြည်သူများပိုမိုသိရှိစေရန် ဟန်းစပီကာဖြင့် လှည့်လည်အသိပေးခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်