နောင်ချို နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က စာရေးဆရာ ခင်မောင်အေး (နှလုံး) ရေးသားသော “လူရယ်လို့ ဖြစ်လာလျှင်” စာအုပ်ဖြင့် စာအုပ်မိတ်ဆက် ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေး များအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေ ရွက်ကြမယ်အစီအစဉ်၊ စက္ကူအရုပ် ခေါက်အစီအစဉ်များကို စဉ်ဆက် မပြတ် နောင်ချိုပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)