တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ တင်ဆက်ပေးလျက်ရှိ

တပ်ကုန်း              နိုဝင်ဘာ    ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ရပ်ကွက်/ကျေးရွာ မိဘပြည်သူများနှင့်ကျောင်းသား၊ ကျောင်း သူများအတွက် အသိပညာဗဟုသုတတိုးပွားစေရန် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ် များကို ရိုက်ကူး၍ တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများအတွက် အသိ ပညာဗဟုသုတ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေး ဆောင်းပါးမိတ်ဆက်ခြင်း၊ အိမ်တွင်းလက်မှုပညာစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့တွင် ဒုတိယ ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁)ပါ စာရေးသူကိုဇော် ရေးသားထားသည့် မရမ်းပင်နှင့် အသီး အသုံးဝင်ပုံအကြောင်း သိကောင်းစရာများအား တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။

တင်စိုးလွင်