ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း (၁၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူ

ပုသိမ်ကြီး ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း၏ (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီက လေးကျွန်းမာရ်အောင် သာမဏေကျော်စာသင်တိုက်၌ ကျင်းပသည်။

အဆိုပါ လှူဒါန်းပွဲတွင် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်ဆွေ (နိုင်စေရ-မန်းတက္ကသိုလ်)၊ ဒုတိယဥက္ကဋ္ဌ စောနန်းမြေအောင်၊ အတွင်းရေးမှူး အောင်ကျော်ထွန်း (ပုသိမ်ကြီး)နှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်များက လေးကျွန်းမာရ်အောင် သာမဏေကျော်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိသုထထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် ဝတ္ထုငွေများလှူဒါန်းကြပြီး၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကြသည်။ ထို့နောက် စာရေးဆရာအသင်းအား ဆရာတော်ဘဒ္ဒန္တဝိသုတက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို