မိုင်းခတ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်တွင် ပြုလုပ်ပေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ပေးရာသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးလှမြင့်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများ၏ မိဘအမည် စာရင်းများ၊ မွေးသက္ကရာဇ်၊ အရပ်များတိုင်းတာပေးခြင်း စသည်တို့ကို စာရင်းရေးသွင်းပြုစုခြင်းများ ပြုလုပ်ပေးပြီး အသက်(၁၀)နှစ်ပြည့် ကျောင်သား(၂၆) ဦး၊ကျောင်းသူ(၂၆) ဦး စုစုပေါင်း (၅၂) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ ပညာရေးဝန်ထမ်းများက ပူပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် အသက် (၁၀) နှစ်ပြည့်ကျောင်းသား/သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိအောင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်