သုံးခွ နို၀င်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် TRI စေတနာ ကွန်ရက်အဖွဲ့၊ ဘိုးဘွားရိပ်သာ တည်ဆောက်ရေးအဖွဲ့နှင့် စေတနာအလှူရှင်များမှ စုပေါင်း၍ မြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်နှင့်အထက် နွမ်းပါးသက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉နာရီအချိန်တွင် သုံးခွမြို့နယ် ဘိုးဘွားရိပ်သာ၌ ပူဇော်ကန်တော့ပွဲနှင့် လှူဒါန်းပွဲကျင်းပကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် ဘိုးဘွားတစ်ဦးလျှင် ဆန်၊ ဆီ၊ အိုဗာတင်း၊ နို့ဆီ၊ ကွေကာအုပ်၊ လက်ဖက်ရည်၊ နို့ဘီစကစ်၊ ကြက်သားမုန့်၊ အေမီကိုကိတ်၊ ကြာဇံ၊ ခေါက်ဆွဲ၊ ဆပ်ပြာ၊ ခရက်ကာမုန့်၊ ငါးသေတ္တာ၊ မြေပဲဆံ၊ ပဲနီလေး၊ ရေခွက်၊ ဆပ်ပြာခွက်၊ သဘက်၊ ယပ်တောင်၊ စောင်၊ ပုဆိုး/ထဘီ၊ အကြောပြေလိမ်းဆေး၊ အားဆေး၊ စတုမဓူ၊ တရားနာရန် တရားပုဒ်ရေ (၁၀၀၀) ပါFM Radio/MP3) စသော ပစ္စည်း (၃၀) မျိုးနှင့် ငွေကျပ် ၅၆၀၀၀တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ဘိုးဘွား ၈၀ဦးအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀၅၇၅၂၀ဝိ/) တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ဘိုးဘွားများနှင့် ဧည့်သည်တော်များအား ကြက်ဆီထမင်း၊ နှင်းပုလဲ ရေခဲမုန့်များဖြင့် ကျွေးမွေး လှူဒါန်းပေးခဲ့ပြီး ပူဇော်ကန်တော့ပွဲသို့ မတက်ရောက်နိုင်သော ဘိုးဘွားများအားလည်း အိမ်တိုင်ယာရောက် လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူလင်း