နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာနှင့် ပန်သပြေ(တောင်) ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား (၃၈)ဦးအား စိမ်းလမ်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေများပေးအပ်

နမ္မတူ    ဩဂုတ်   ၂၀

နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာနှင့် ပန်သပြေ (တောင်) ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား (၃၈)ဦးအား စိမ်းလမ်းဘဝ လူမှု ဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပန်သပြေ(တောင်) ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် စိမ်းလမ်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းက ထောက်ပံငွေများအား အသုံးပြုကာ မိသားစုစီးပွားရေးကို လုပ်ဆောင်လာနိုင်စေရန်၊ ရရှိထားသော ထောက်ပံ့ငွေများအား အမှန်တစ်ကယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုရန်၊ မိသားစု၏ စီးပွားရေး လုပ်ငန်းများအား ပိုမိုလုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးလာစေရန်၊ အမျိုးသမီးပါဝင်မှု အားကောင်း လာစေရန်၊ စွမ်းဆောင်ရည်မြှင့်တင် လာစေရန်၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှု အသိပညာများအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ စိတ်တူ ကိုယ်ထူ၊ ကိုယ်ထူ ကိုယ်ထအဖွဲ့များ ဖြစ်လာစေရန် ရည်ရွယ်၍ ပန်သပြေ (တောင်)ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၅)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၆)ဦး၊ စုစုပေါင်း (၂၁)ဦးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေ တစ်ဦးလျှင် (၂၃၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၄,၈၃၀,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ဩဂုတ်လ (၁၉)ရက်နေ့ နေ့လယ် (၁)နာချိန်တွင် ပန်လုံကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ (၃)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၃)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁)ဦး စုစုပေါင်း (၁၇)ဦး အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေတစ်ဦးလျှင် (၂၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃,၉၁၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)