လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကျင်းပ

လှိုင်းဘွဲ          ဩဂုတ် ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းကဦးဆောင်၍ မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးဆွေးနွေးပွဲကို ဒိုင်းပြကျေးရွာ၌ ပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်း၊ ဥပဒေအထောက်အကူပြုရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေ၊ မြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ ပြည်သူ့ကျန်မာရေးဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်မျိုးမမစိုးတို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာ အချက် အလက်များကို အသိပညာပေးရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက်တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းအဖွဲ့ဝင်များက  မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် အဖွဲ့အစည်း၊ မူးယစ်ဆေးဝါးလျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မူးယစ်ဆေးတားဆီးနှိမ်နှင်းရေးအတွက် လုပ်ဆောင်သင့်သည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို အဖွဲ့(၄)ဖွဲ့ခွဲပြီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)