သာစည်မြို့နယ်တွင် ပြည့်စုံမှန်ကန်သည့်မဲစာရင်းများရရှိရေးဆောင်ရွက်

သာစည် ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကိုဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့ရာမှ ပုံစံ ၃ မျိုးဖြင့် လျှောက်ထားလာမှုများကိုဩဂုတ် ၁၅ ရက်မှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများ မပါဝင်စေရေးနှင့်အချက်အလက်များ ပြည့်စုံမှန်ကန်သည့်  မဲစာရင်းများရရှိရေးအတွက်  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခဲ့ရာမှ ပုံစံ ၃ မျိုးဖြင့် လျှောက်ထားလာမှုများကို တစ်လအတွင်း  ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သာစည်မြို့နယ်တွင်  ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခဲ့ရာတွင် မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင် ၁၅၂၂၅၇ ဦးရှိကြောင်း နှင့် မဲစာရင်းလာရောက်ကြည့်ရှုသူ  ၆၈၀၁၀  ဦးရှိကြောင်း သိရသည်။ မဲစာရင်းလာရောက်ကြည့်ရှုသူများမှ တောင်းဆိုလွှာပုံစံ(၃)ဖြင့်လျှောက်ထားသူ ၂၇၂၃ ဦး၊ ကန့်ကွက်လွှာပုံစံ (၄) ဖြင့် လျှောက်ထားသူ ၁၅၆၉ ဦးနှင့် ပြင်ဆင်လွှာပုံစံ (၄-ဂ)ဖြင့်  လျှောက်ထားသူ  ၂၃၁၁  ဦးရှိကြောင်း သိရသည်။                                                                                           

ထွန်းထွန်း(ပြန်/ဆက်)